မင်္ဂလာဒုံ လှိုင်မဟာစည်တိုက်ခွဲ(၁) ကထိန်သင်္ကန်းဆက်ကပ်ပွဲ ဖိတ်ကြားခြင်း
မင်္ဂလာဒုံ လှိုင်မဟာစည်တိုက်ခွဲ(၁) ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်ပါမည် ဖြစ်ပါသည်။
အချိန် = နံနက် ၈း၃၀ မှ ၁၁း၃၀ ထိ
နေ့ရက် = အောက်တိုဘာ ၂၃ ရက်၊ ၂၀၁၁ ခုနှစ်
နေရာ = မင်္ဂလာဒုံ လှိုင်မဟာစည်တိုက်ခွဲ(၁) ကာယ ၁၁-လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ မြရတနာမြို့သစ်၊ ပုလဲအိမ်ယာအနီး၊ မင်္ဂလာဒုံမြို့နယ်။
လှိုင်မဟာစည် (၃၃) ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း
လှိုင်မဟာစည် (၃၃) ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်ပါမည် ဖြစ်ပါသည်။ လှိုင်မဟာစည်ယောဂီများ၊ အကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ စုဗူးအလှူရှင်များ၊ ဝေယျာဝစ္စ လုပ်အား အလှူရှင်များ ၊ ဓမ္မမိတ်ဆွေများ အားလုံး နံနက် ၈ နာရီခွဲအရောက် ကြွရောက်တော်မူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
အချိန် = နံနက် ၈း၃၀ မှ ၁၁း၃၀ ထိ
နေ့ရက် = အောက်တိုဘာ ၃၀ ရက်၊ ၂၀၁၁ ခုနှစ်
နေရာ = လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက် ယောဂီကျောင်းလမ်း၊ ၁၁-ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
မင်္ဂလာဒုံလှိုင်မဟာစည်ဝါတွင်းဗုဒ္ဓယဉ်ကျေးမှုသင်တန်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်မဟာစည်တိုက်ခွဲ(၁)တွင် ၀ါဆိုလပြည့်ကျော် ၈ ရက်မှ စတင်ကာ ဥပုသ်နေ့တိုင်း ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်ထားရှိခဲ့ပါသည်။ အ.လ.က (ဂ) အပါအ၀င် ပတ်ဝန်းကျင် ကျောင်းများမှ ကျောင်းသားကျောင်းသူ ၁၀၀ နီးပါးလာရောက်၍ လေ့လာသင်ကြားကြပါသည်။ သီတင်းကျွတ်လဆန်း (ဂ)ရက်တွင် စာမေးပွဲကျင်းပပြီး သီတင်းကျွတ်လပြည့်နေ့တွင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲများ ကျင်းပသွားပါမည်။
လှိုင်မဟာစည်ဆရာတော်၏၀ါတွင်းကာလ တရားပွဲများ
လှိုင်မဟာစည်ဆရာတော်သည် ၀ါခေါင်လပြည့်နေ့ ဥပုသ်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်၊ အရိယာဓမ္မာရုံတော်ကြီးသို့ ယခင်နှစ်များအတိုင်း ကြွရောက်ကာ နေ့လည် ၂ နာရီတွင် ဒါန၊သီလ၊ သမထ၊ မဟာသတိပဋ္ဌာန်ဝိပဿနာ တရားတော်များကို ဟောကြားချီးမြှင့်ခဲ့ပါသည်။
တော်သလင်းလဆန်း ၈ ရက် ဥပုသ်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံကြီးသို ယခင်နှစ်များအတိုင်း ကြွရောက်ကာ နေ့လည် ၁၂ နာရီခွဲတွင် ဒါန၊သီလ၊ သမထ၊ မဟာသတိပဋ္ဌာန် ၀ိပဿနာတရားတော်များ ဟောကြားချီးမြှင့်တော်မူခဲ့ပါသည်။
လှိုင်မဟာစည် ၃၃ ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

၃၃ ကြိမ်မြောက် လှိုင်မဟာစည် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် ကျင်းပခဲ့ပါသည်။ လှိုင်မဟာစည်ဆရာတော်ဘုရားက ၀ါဆိုသင်္ကန်းအလှူခံယူတော်မူပြီး အနုမောဒနာတရား ချီးမြှင့်ကာ အလှူရှင်များ၏ လှူဒါန်းမှု ဒါန၀တ္ထုအစုစုကို ရေစက်ချအမျှဝေကြပါသည်။ လှိုင်မဟာစည်ယောဂီများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဓမ္မမိတ်ဆွေများ ဧည့်ပရိသတ် ၅၀၀ ကျော်မျှ လာရောက်ကာ ၀ါဆိုသင်္ကန်းများဆက်ကပ်၊ တရားတော်နာ၊ ဥပုသ်သီတင်းများ ဆောက်တည်၊ မဟာသတိပဋ္ဌာန်ဝိပဿနာတရားများ ရှုမှတ်ပွားများ အားထုတ်ခဲ့ကြပါသည်။


