လှိုင်မဟာစည်ဆရာတော်၏၀ါတွင်းကာလ တရားပွဲများ

လှိုင်မဟာစည်ဆရာတော်သည် ၀ါခေါင်လပြည့်နေ့ ဥပုသ်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်၊ အရိယာဓမ္မာရုံတော်ကြီးသို့ ယခင်နှစ်များအတိုင်း ကြွရောက်ကာ  နေ့လည် ၂ နာရီတွင် ဒါန၊သီလ၊ သမထ၊ မဟာသတိပဋ္ဌာန်ဝိပဿနာ တရားတော်များကို ဟောကြားချီးမြှင့်ခဲ့ပါသည်။

တော်သလင်းလဆန်း ၈ ရက် ဥပုသ်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံကြီးသို ယခင်နှစ်များအတိုင်း ကြွရောက်ကာ နေ့လည် ၁၂ နာရီခွဲတွင် ဒါန၊သီလ၊ သမထ၊ မဟာသတိပဋ္ဌာန် ၀ိပဿနာတရားတော်များ ဟောကြားချီးမြှင့်တော်မူခဲ့ပါသည်။